တစ်ချိန်တုံးကကျနော်အရမ်းကြိုက်ပြီးသုံးခဲ့တဲ့ဆော့ဝဲ(လ်)လေးတစ်ခုရှိခဲ့တယ်။
အဲဒီဆော့ဝဲ(လ်)CDကိုသူငယ်ချင်းတစ်ယောက်ကိုငှားလိုက်ပြီးတော့အကြောင်းအမျိုးမျိုးကြောင့်ပြန်မရတော့ဘူး။
ကျနော့်ရဲ့ကွန်ပြူတာ virus ၀င်လို့ format ပြန်ချလိုက်ရတော့အဲဒီဆော့ဝဲ(လ်)ကို လိုချင်လို့လိုက်ရှာတာ တော်တော်နဲ့ရှာလို့မရခဲ့ဘူး။သူ့ရဲ့ Official Website မှာ သွားကြည့်တော့လည်းဝယ်ရမှာမ၀ယ်နိုင်ဘူး။Crack လုပ်ဖို့လိုက်ရှာတာလည်း လူပဲချာချာလည်သွားတယ်။
ဒီနေ့တော့ ကိုမင်းကျန်စစ်ရဲ့blog ကဒီ ဆော့ဝဲ(လ်)လေးကိုရလိုက်တယ်။Full Version အတွက် Crack File ပါတော့ ပြောစရာမလိုအောင်ကိုအဆင်ပြေသွားတာပေါ့။ကျနော်ကြိုက်တဲ့ဒီဆော့ဝဲ(လ်)လေးကို သူငယ်ချင်းတို့ကိုပြန်ပြီးဝေမျှလိုက်ပါတယ်။ဒီဆော့ဝဲ(လ်)က ဘာတွေကောင်းလဲဆိုတော့....
ခင်ဗျားရဲ့ကွန်ပြူတာတစ်ခုလုံးကို လုံခြုံအောင် password နဲ့ကာကွယ်ပေးနိုင်တဲ့အပြင် folder တစ်ခုချင်းဆီကို
password ပေးပြီး lock ချလို့လည်းရတယ်။
တစ်ခြားဆော့ဝဲ(လ်)တွေနဲ့မတူတာက သူက Password ကာထားတဲ့ file ၊ folder တွေကို Delete လုပ်လို့လည်းမရဘူး။
နောက်ဆုံး ဆော့ဝဲ(လ်) ကိုတောင် Password မသိရင် Uninstall လုပ်လို့ မရဘူး။ပိုကောင်းတာတစ်ခုက Password ကို Setting တစ်ခါလုပ်ပြီးရင် folder ပေါ်မှာ Right Click လုပ်ပြီး Lock ၊ Unlock ရွေးယုံ နဲ့ အလွယ်တကူ Folder တွေကိုကာကွယ်လို့ရတယ်။ ကျန်တာတွေတော့ ဒီနေရာမှာ ဆော့ဝဲကို ဒေါင်းလုပ်ယူပြီး သုံးကြည့်ကြပါကုန်။
ဟုတ်ကဲ့ဗျာ ရပါတယ်။ အားလုံးအတွက် မျှဝေထားတာပဲ။
ReplyDeleteအသုံးတည့်သွားတယ်ဆို ကျနော် လုပ်ပေးရကျိုးနပ်သွားပါတယ်။
ပြန်တင်လိုက်တော့လဲ တခြားသူငယ်ချင်းတွေ ပိုသိသွားတာပေါ့။း)
တခြားဆော့ဖ်ဝဲ ထူးထူးခြားခြားလေးတွေ စိတ်ဝင်စားရင်လဲ လာခဲ့ပါ။ ကျနော် တွေ့ရင် တင်ဖြစ်ပါတယ်။