All Programs in this blog are educational purpose only,i'm not responsible for the illegal use of any programs in this blog!
Showing posts with label ဆော့ဝဲ(လ်)များ. Show all posts
Showing posts with label ဆော့ဝဲ(လ်)များ. Show all posts

December 27, 2008

Video Converter

Video ဖိုင်တွေကို ဖုန်းထဲကို ဒါမဟုတ် PSP,MP4 Player, Ipod စတဲ့ Devices တွေထဲကို ထည့်တဲ့ အခါ Video Converter ဆော့ဝဲ(လ်) က မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ကျနော် သုံးကြည့် ပြီး စိတ်ကြိုက်ဖြစ်တဲ့ ဆော့ဝဲ(လ်)နှစ်ခု ကို ဝေမျှလိုက်ပါတယ်။

ပထမ တစ်ခုက WinAvi MP4 Converter ပါ။ ဒီဆော့ဝဲ(လ်) က Video Format တွေ ဖြစ်တဲ့ avi,mpeg,ogg,mov,dvd,rm စတဲ့ format တွေကနေ mp4,ogg,3gp စတဲ့ format အဖြစ် အလွယ်တစ်ကူ အပြန်အလှန် ပြောင်းနိုင်မှာပါ။ အဲဒါတွေအပြင် Phone,PSP, iPod, အတွက် Setting တွေ ချိန်နေစရာမလိုပဲ တစ်ခါထည်းနဲ့ ပြောင်းလို့ရပါတယ်။

ှနောက်တစ်ခုကတော့ WinAvi FLV Converter ပါ။ ဒီဆော့ဝဲ(လ်) က youtube,google video စတဲ့ Site တွေကနေ flv format နဲ့ Download ယူထားတဲ့ flv file တွေ ကို mp4,avi,3gp စတဲ့ format တွေအဖြစ် အပြန်အလှန် ပြောင်းနိုင်မှာပါ။ အဲဒါတွေအပြင် Phone,PSP, iPod, အတွက် Setting တွေ ချိန်နေစရာမလိုပဲ တစ်ခါထည်းနဲ့ ပြောင်းလို့ရပါတယ်။

Download: အပေါ်က Links တွေကို Click လုပ်ပြီး download ယူနိုင်ပါတယ်။Side Bar ထဲမှာရှိတဲ့ Software Download အောက်ကနေလည်း ဒေါင်းလုပ် နိုင်ပါကြောင်း။

September 17, 2008

Everest Ultirmate

Everest ဆိုတဲ့ ဆော့ဝဲ(လ်) က ကိုယ်ရဲ့ ကွန်ပြူတာ မှာ ရှိတဲ့ Hard Ware, Soft ware တွေ ရဲ့ အသေးစိတ် Information တွေ ကို အလွယ်တကူ ကြည့် ရှု နိုင်ပါ တယ်။ အလွန် အသုံးဝင် တဲ့ ဆော့ဝဲ(လ်) တစ်ခု ဖြစ် ပါတယ်။

လိုချင်တယ်ဆိုရင်တော့ Software Download အောက်မှာ ရှိပါတယ်။

April 07, 2008

PC လုံခြုံရေး

တစ်ချိန်တုံးကကျနော်အရမ်းကြိုက်ပြီးသုံးခဲ့တဲ့ဆော့ဝဲ(လ်)လေးတစ်ခုရှိခဲ့တယ်။
အဲဒီဆော့ဝဲ(လ်)CDကိုသူငယ်ချင်းတစ်ယောက်ကိုငှားလိုက်ပြီးတော့အကြောင်းအမျိုးမျိုးကြောင့်ပြန်မရတော့ဘူး။
ကျနော့်ရဲ့ကွန်ပြူတာ virus ၀င်လို့ format ပြန်ချလိုက်ရတော့အဲဒီဆော့ဝဲ(လ်)ကို လိုချင်လို့လိုက်ရှာတာ တော်တော်နဲ့ရှာလို့မရခဲ့ဘူး။သူ့ရဲ့ Official Website မှာ သွားကြည့်တော့လည်းဝယ်ရမှာမ၀ယ်နိုင်ဘူး။Crack လုပ်ဖို့လိုက်ရှာတာလည်း လူပဲချာချာလည်သွားတယ်။
ဒီနေ့တော့ ကိုမင်းကျန်စစ်ရဲ့blog ကဒီ ဆော့ဝဲ(လ်)လေးကိုရလိုက်တယ်။Full Version အတွက် Crack File ပါတော့ ပြောစရာမလိုအောင်ကိုအဆင်ပြေသွားတာပေါ့။ကျနော်ကြိုက်တဲ့ဒီဆော့ဝဲ(လ်)လေးကို သူငယ်ချင်းတို့ကိုပြန်ပြီးဝေမျှလိုက်ပါတယ်။ဒီဆော့ဝဲ(လ်)က ဘာတွေကောင်းလဲဆိုတော့....
ခင်ဗျားရဲ့ကွန်ပြူတာတစ်ခုလုံးကို လုံခြုံအောင် password နဲ့ကာကွယ်ပေးနိုင်တဲ့အပြင် folder တစ်ခုချင်းဆီကို
password ပေးပြီး lock ချလို့လည်းရတယ်။
တစ်ခြားဆော့ဝဲ(လ်)တွေနဲ့မတူတာက သူက Password ကာထားတဲ့ file ၊ folder တွေကို Delete လုပ်လို့လည်းမရဘူး။
နောက်ဆုံး ဆော့ဝဲ(လ်) ကိုတောင် Password မသိရင် Uninstall လုပ်လို့ မရဘူး။ပိုကောင်းတာတစ်ခုက Password ကို Setting တစ်ခါလုပ်ပြီးရင် folder ပေါ်မှာ Right Click လုပ်ပြီး Lock ၊ Unlock ရွေးယုံ နဲ့ အလွယ်တကူ Folder တွေကိုကာကွယ်လို့ရတယ်။ ကျန်တာတွေတော့ ဒီနေရာမှာ ဆော့ဝဲကို ဒေါင်းလုပ်ယူပြီး သုံးကြည့်ကြပါကုန်။

March 23, 2008

Internet Explore 8

Microsoft ရဲ့ Internet Explore 8 ကို စတင်အသုံးပြုနိုင်ပါပြီ။ ကိုယ်စက်ထဲမှာသုံးတဲ့ Window ဟာ Genuine ဆိုရင်တော့ Microsoft ရဲ့ Website မှ download ယူပြီး တိုက်ရိုက် Install ပြုလုပ်ပြီး သုံးနိုင်ပါတယ်။
ကိုယ့်ရဲ့ Window က Genuine မဟုတ်ဘူး ဆိုရင် တော့ Install လုပ်လို့ ရမှာမဟုတ်ပါဘူး။
ဒါပေမယ့် Install ရအောင်လုပ်တဲ့နည်းလမ်းရှိပါတယ်။
ဒီလိုလုပ်ပါ..........
ပထမဆုံး ဒီfileလေးကိုdownload လုပ်ပါ။ပြီးရင် Install လုပ်ပါ။
နောက်ပြီး ဟောဒီ IE-8 ကို download လုပ်ပါ။ပြီးရင် Install လုပ်ပါ။ Install ပြုလုပ်တဲ့အခါမှာ Update ဆိုတဲ့ Check Box ကို တွေ့ရင် အမှန်ခြစ်ပေးထားတာကို ဖြုတ် ရပါမယ်။
Install ဆက်လုပ်ပြီးရင် Internet Explore 8 ကို အသုံးပြုနိုင်ပါပြီ။

March 21, 2008

Kidlogger

မိမိကွန်ပြူတာမှာ ဘာတွေသုံး ခဲ့တယ်ဆိုတာကိုစောင့်ကြည့်တဲ့ ဆော့ဝဲ(လ်)လေးပါ။
ဒီဆော့ဝဲ(လ်)လေး က ကိုယ့်ရဲ့ ကွန်ပြူတာမှာ သုံးခဲ့တဲ့ Key Stoke တွေကိုမှတ်သားထားတာပါ။အတော်အသုံးဝင်တဲ့ ဆော့ဝဲ(လ်)လေးတစ်ခုပါ။
ဒီနေရာမှာ download ယူပါ။

My Business Card

For Personal.....

  • ahkarswe@annawar.we.bs

ကျွန်တော့်ကိုဆက်သွယ်ရန်......

  • info@annawar.we.bs